သဘာဝဘေးသင့် ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူ
ထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မီဒီယာများသို့သတင်းထုတ်ပြန်ရှင်းလင်း
ခြင်း အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မွေးမြူရေး၊ ရေလုပ်
ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး မီဒီယာ
ခန်းမ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်မှ တက်
ရောက်ရှင်းလင်း ပြောကြားပြီး ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများမှ
သတင်းထောက်များ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ရှင်းလင်းချက်များ
အရ (၂၅-၈-၂၀၁၅)ရက်နေ့ထိ ကောက်ယူရရှိသည့် စာရင်းများမှာ သဘာဝ
ဘေးသင့်ဒေသများဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မွေးမြူရေး
လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ပျက်စီးဆုံးရှုံး
မှုအနေဖြင့် စုစုပေါင်းငွေကျပ်(၅၈၀၉၅.၃၉၃)သန်းခန့် ဆုံးရှုံးခဲ့ပြီး ဝန်ကြီးဌာန
အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်မှုတန်ဖိုးကျပ်(၄၁၃.၂၅၅)သန်းခန့်၊ ပြည်တွင်း/
ပြည်ပအဖွဲ့အစည်းများ၏ထောက်ပံ့မှု ငွေကျပ်(၂၈၃.၇၁၆)သန်းနှင့်အမေရိကန်
ဒေါ်လာ (၃၁၀၄၀) ဖြစ်သည့်အတွက် ထောက်ပံ့မှုစုစုပေါင်းငွေကျပ်(၆၉၆.၉၇၁)
သန်းနှင့် အမေရိကန်ဒေါ်လာ (၃၁၀၄၀)ခန့်ဖြစ်ပါသည်။ တိရစ္ဆာန်ကာကွယ်
ဆေးထိုးနှံပေးခဲ့သည့် ကောင်ရေပေါင်း (၁၂၈၂၇၁)ကောင် ရှိပြီး ကုသမှုပေးခဲ့
သည့် တိရစ္ဆာန်ပေါင်းမှာ (၂၃၃၈၄)ကောင်ဖြစ်ပါသည်။
No comments:
Post a Comment