Friday, August 28, 2015

ရွှေဘိုမြစ်ကြီးနားကားလမ်းတစ်လျှောက် လမ်း/တံတား ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လ(၁၇)ရက်နေ့မှ ဩဂုတ်လ(၆)ရက်နေ့ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လမ်းများရေကျော်ခဲ့ပြီး တံတားချဉ်းကပ်လမ်းများ ရေတိုက်စားခြင်း၊ တက္တရာလမ်းနှင့် ကျောက်ခင်းလမ်းများ ရေစားပျက်စီးခြင်း၊ လမ်းတာဘောင်များ ရေစားခြင်း၊ တံတားကမ်းကပ်ခုံများ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခုအခါ မိုးရွာသွန်းမှု လျော့ကျသွားသဖြင့် အချို့လမ်းများပေါ်တွင် ရေကျော်မှုများ မရှိတော့သော်လည်း ဆည်များမှ ရေများ ထုတ်လွှတ်မှုကြောင့် မူးမြစ်အတွင်း ရေလျှံပြီး ရွှေဘိုမြို့နယ် ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ် ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်များ၏ အချို့လမ်းများပေါ်တွင် ရေများ ဖြတ်ကျော်စီးဆင်း လျှက်ရှိနေပါသည်။ ယခုအခါ ရေကျသွားပြီးသည့် လမ်းများတွင် ရေတိုက်စားမှုများအား လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် အမြန်ပြုပြင် ဆောင်ရွက်လျက်ရှိပါသည်။

No comments:

Post a Comment