ဧရာဝတီတိုင်းဒေသကြီး
ကျုံပျော်မြို့နယ်မှာ ဒါးကချောင်းရေနှင့် အထက်မှ မြစ်ရေများ ဝင်ရောက်မှုကြောင့် ဩဂုတ်လ(၆)ရက်နေ့မှ
စတင်ပြီး ယာယီကျောင်းပိတ်ခြင်းများ ဆောင်ရွက်ခဲ့ရပြီး ရေဝင်ရောက်မှုအပေါ် မူတည်ပြီး စာသင်ကျောင်း
စုစုပေါင်း (၆၂)ကျောင်းအထိ ပိတ်ပေးခဲ့ရကြောင်း သိရပါသည်။ အခုအခါ ရေများ ပြန်လည်ကျဆင်းခဲ့ပြီး
သွားလာမှု အဆင်ပြေကာ ရေအန္တရာယ် ကင်းလာပြီဖြစ်တာကြောင့် ဩဂုတ်လ(၂၁)ရက်နေ့အထိ (၈)ကျောင်း၊
ဩဂုတ်လ(၂၄)ရက်နေ့မှာ (၅၁)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၅၉)ကျောင်းအား ပြန်လည်ဖွင့်လှစ်
သင်ကြားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရေလက်ကျန် အခြေအနေကြောင့် ဆက်လက်ဖွင့်လှစ်ရန် ကျောင်း(၃)ကျောင်းသာ
ကျန်ရှိတော့ကျောင်း သိရပါသည်။
No comments:
Post a Comment