ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၈၇)ရက်မြောက်နေ့ကို သြဂုတ်လ(၂၅)ရက် မနက်(၁၀)နာရီကကျင်းပရာ ဗဟိုဘဏ်သည်
Deposit Auction Market အကောင်အထည်ဖေါ်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် ပတ်သက်သော စီးပွားရေးအဖွဲ့အစည်းများ၏
ရန်ပုံငွေများကို ပုဂ္ဂလိကဘဏ်များသို့ ခွဲဝေအပ်နှံရန် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ၊
ရန်ကုန်တိုင်း ဒေသကြီး ပြင်ပကားများအတွက် မြို့ဝင်ကြေး၊
မြို့ထွက်ကြေးကောက်ခံနေမှုကို ဖြေလျှော့ပေးရန် အစီအစဉ်ရှိမရှိ၊ ခန္တီးမြို့
ချင်းတွင်းမြစ်ကမ်းမြေထိန်းနံရံကိုမည်သည့် ဘဏ္ဍာနှစ် အပြီးသတ် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းစသည်ဖြင့်
မေးခွန်း(၄)ခု မေးမြန်းခဲ့ကြရာ ဗဟိုဘဏ် ဒုတိယဥက္ကဌနှင့် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က
ပြန်လည်ဖြေကြားခဲ့ကြပါသည်။
No comments:
Post a Comment