ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
(၈၆)ရက်မြောက်နေ့ ကို သြဂုတ်လ(၂၄)ရက်နေ့ မနက်(၁၀)နာရီတွင် ကျင်းပရာ ကတိသစ္စာမပြုရသေးသော
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဥက္ကဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း၊
မော်တော်ယာဉ် များ မှတ်ပုံတင်ရာတွင် ယာဉ်အမှတ်များကို အင်္ဂလိပ်နံပါတ်များ ပြောင်းလဲတပ်ဆင်ပေး
ရခြင်းကို သိရှိလိုကြောင်း၊ ထားဝယ်မြို့နယ်ရှိ အညာဖျားရေအား လျှပ်စစ်စီမံကိန်းအား ဆက်လက်လုပ်ကိုင်မည့်
အစီအစဉ်ရှိမရှိသိရှိလိုကြောင်း စသည်ဖြင့် မေးခွန်း(၄)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ
ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည်ဖြေကြား ခဲ့ကြပါသည်။
No comments:
Post a Comment