မိုးတွင်းကာလဖြစ်သည့်အတွက်
ငါးခြောက်ပွဲရုံများနှင့် လက်လီလက်ကား အရောင်းဆိုင်များတွင် ဈေးနှုန်းအနည်းငယ်တက်ကြောင်း
သိရပါသည်။ လက်ရှိပွဲရုံများတွင် ငါးရံ့ခြောက်တစ်ပိဿာကို တစ်သောင်းခုနှစ်ထောင်ကျပ်မှ
တစ်သောင်းရှစ်ထောင်ဝန်းကျင်ရှိပြီး အာဗြဲခြောက် တစ်ပိဿာကို ငွေကျပ် ခုနှစ်ထောင်မှ ရှစ်ထောင်ဝန်းကျင်ခန့်ရှိပြီး
ငါးနီတူခြောက်က ငွေကျပ်သုံးထောင့်ငါးရာမှ ငါးထောင်အထိ ပေါက်ဈေးရှိပါသည်။ ဝယ်လိုအားများလာခြင်းနှင့်အမျှ
ရာသီမရွေးရောင်းချနိုင်ရန် ငါးခြောက်တွေကို အအေးခန်းအတွင်းသိုလှောင်ထားရခြင်းကြောင့်
အလေးချိန်တစ်ပိဿာကို အအေးခန်းအတွင်းတွင် တစ်လထားလျှင် ငွေကျပ်ကိုးဆယ်မှ တစ်ရာအကြားကျသင့်ကြောင်း
သိရပါသည်။ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင်
ပင်လယ်ငါးဖမ်းရပ်နားကာလအဖြစ် သတ်မှတ်ထားသော်လည်း လိုအပ်ချက်အရ ၅၀ %ကို ဖမ်းခွင့်
ပြုထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment