Thursday, August 27, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၂)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက ကျင်းပရာ နိုင်ငံတော်သမ္မတ ထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ရှင်းလင်းတင်ပြခြင်း၊ လွှတ်တော် ကိုယ်စားလှယ်(၅)ဦးက ပါဝင်ဆွေးနွေးခြင်း၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းခြင်း လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး အာဆီယံ- ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူ စာချုပ်အောက်တွင် ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပြင်ဆင်သည့် တတိယအခြေပြ စာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန် ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်က ပါဝင်ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ Maritime Labour Convention 2016သို့ မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်ရန် ကိစ္စကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ အစည်းအဝေးကို မွန်းလွဲ (၃)နာရီ မိနစ်(၂၀)မှာ ရပ်နားခဲ့ပြီး အစည်းအဝေး (၈၃)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၈)ရက် မနက်(၁၀)နာရီမှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါသည်။

No comments:

Post a Comment