မြန်မာနိုင်ငံ
အပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှုတို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့်
ဆုံးရှုံးနိုင်ခြေများအား ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းစီမံကိန်း လုပ်ငန်းများ စတင်ခြင်း
အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် အမရဟိုတယ်၌
ကျင်းပပြုလုပ်ပါသည်။ လုပ်ငန်းစီမံကိန်းကို (Global Environment Facility-GEF,
Adaptation Fund) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
အစိုးရတို့၏ ထည့်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈.၄၆)သန်းဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း
အပူပိုင်းဒေသရှိ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ် ၊မကွေးတိုင်းဒေသကြီး
ချောက်မြို့နယ် ၊မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ် စုစုပေါင်း(၅)မြို့နယ်တွင်
၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၄)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment