Wednesday, August 26, 2015

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးရထားလမ်းပိုင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်

ဇူလိုင်လ (၁၇)ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ့မီးရထားရဲ့ တိုင်းအသီးသီးမှာ ရထားလမ်းပိုင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ရထားလမ်းများ ပျက်စီး ဆုံးရှုံးမှုများမှာ တိုင်းအမှတ် (၂)၊ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းအတွင်း အကြီးမားဆုံး ပျက်စီးမှုမှာ ပေ (၁၀၀)ကျော်ရှိတဲ့ ကန်ကြီး - ဇော်ချောင်း တံတားအမှတ် (၂၈၁)ရဲ့ မန္တလေးဘက်ခြမ်း ကမ်းကပ်ခုံနောက် ပေ (၈၀)နဲ့ မြစ်ကြီးနားဘက်ခြမ်း ကမ်းကပ်ခုံနောက် ပေ (၁၂၀) ရေတိုက်စားခြင်း ဖြစ်ပေါ်ခဲ့ပြီး သံလမ်းများဟာ ပတ္တလားပုံစံ ဖြစ်ပွားခဲ့ပါသည်။ ရေကြီးမှု ဖြစ်စဉ်ကြောင့် လမ်းပိုင်းများမှာ ပိတ်မိနေတဲ့ ခရီးသည်များကို သွားလာရေး အဆင်ပြေစေဖို့ သံလမ်း ကူးကြိုးတန်းများ ပြုလုပ်ခြင်း၊ ကယ်ဆယ်ရေး အဖွဲ့များမှ ခရီးသည်များကို ကူညီပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အစားအသောက်များ ကျွေးမွေးပေးခြင်း တို့ကို မြန်မာ့မီးရထား ဝန်ထမ်းများနဲ့ ကယ်ဆယ်ရေး အဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ့မီးရထား အင်ဂျင်နီယာနဲ့  လုပ်သားများရဲ့ အခက်အခဲများကြားက ကြိုးပမ်းပြင်ဆင် ဆောင်ရွက်မှုကြောင့် ပျက်စီးမှု အများဆုံးဖြစ်တဲ့ ကံကြီး -ဇော်ချောင်းလမ်းပိုင်း၊ တံတားအမှတ် (၂၈၁)ကို  (၂၀၁၅) ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့က လည်းကောင်း၊ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းကို (၂၀၁၅)ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့မှာလည်းကောင်း ပြန်လည် ဖွင့်လှစ်ခဲ့တဲ့အတွက် မန္တလေး - မြစ်ကြီးနား အစုန် – အဆန် ခရီးစဉ်ကို ခရီးသွား လုပ်သားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ပြီဖြစ်ပါသည်။

No comments:

Post a Comment