ကရင်ပြည်နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းကို
ဩဂုတ်လ(၂၄)ရက် က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက
အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကော်မတီ(၈)ရပ်ကို
သက်ဆိုင်ရာကော်မတီ အသီးသီးမှ တင်ပြဆွေးနွေးကြပါသည်။ အဲဒီနောက် ပြည်နယ်အတွင်းရှိ မြို့နယ်များက
တာဝန်ရှိသူများက ဒေသအလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်ဆည်း
ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment