ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၁)ရက်မြောက်နေ့ကို ဩဂုတ်လ
(၂၆)ရက် မွန်းလွဲ(၁)နာရီခွဲက ကျင်းပရာ လွှတ်တော် (၂)ရပ် သဘောကွဲလွဲသည့် ပြည်ထောင်စု
အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက
သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်း
ဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ဆက်လက်ရယူ အတည်ပြုခြင်းတို့
ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုမှာ
ကလေးသူငယ်များရဲ့ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား မြန်မာနိုင်ငံ မှ
ပါဝင် လက်မှတ်ရေးထိုးရန် ကိစ္စနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ပါဝင်ဆွေးနွေးပြီး
လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ပါသည်။ ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံ အခြေခံအအုံဆိုင်ရာ
ရန်ပုံငွေနှင့် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ထံမှ အမေရိကန်ဒေါ်လာ သန်း(၂၆၀)နှင့်
ယူရိုသန်း(၄၀) ချေးယူခွင့်နှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စာလှယ် (၉)ဦးတို့က ပါဝင်ဆွေးနွေးခဲ့ပြီး
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများက ပြန်လည်ရှင်းလင်း တင်ပြကာ လွှတ်တော်က
အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ယနေ့ အစည်းအဝေးကို ညနေ (၄)နာရီမှာ ရပ်နားခဲ့ပြီး
အစည်းအဝေး (၈၂)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၇)ရက် မွန်းလွဲ (၁)နာရီခွဲမှာ ဆက်လက် ကျင်းပမှာဖြစ်ပါသည်။
No comments:
Post a Comment