Wednesday, August 26, 2015

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမှ အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ထိုင်းနိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်  ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဦးဒုံဒက် စီတဘွတ် က ဂုဏ်ပြုကြိုသည့် အခမ်းအနားကို ဩဂုတ်လ(၂၅)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၃)နာရီတွင် ထိုင်းဘုရင့် ကြည်းတပ်ဌာနချုပ်၌ ကျင်းပပြုလုပ်ပါသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းကို ခံယူပြီး ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပါသည်။

No comments:

Post a Comment