ချင်းပြည်နယ်၊
ဟားခါးမြို့ရှိ မြေပြိုမှု ခံစားနေရသော ပြည်သူများအား ထောက်ပံ့ ကူညီရန် ပြည်တွင်းအလှူရှင်များမှ
လှူဒါန်းသည့် ဆန်အိတ်(၆၅၀)၊ ပလပ်စတစ်ပစ္စည်း(၁၄၃)ပုံး၊ ကြက်ခြေနီဆေးပုံး (၅)ပုံးတို့အား
(Skat) ယာဉ်(၃)စီးနှင့်
ဟိုင်မွန်ဂျစ်(၆)စီးတို့ဖြင့် ကလေးမြို့မှ ဟားခါးမြို့သို့ ဩဂုတ်လ(၂၇)ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း
သိရှိရပါသည်။ ထို့အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ
မကွေးတိုင်းဒေသကြီးသို့ ပေးပို့လှူဒါန်းမည့် တိရစ္ဆာန်အစာအိတ် (၁၂၈၀) အား ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဩဂုတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးဘူတာမှ ပျဉ်းမနားဘူတာသို့
တင်ဆောင် ထွက်ခွာသွားကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ
သတင်းရရှိပါသည်။
No comments:
Post a Comment