Friday, August 28, 2015

ရန်ကုန်တိုင်းဒေသကြီး၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုအဖြစ် ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး၊ ဒုတိယပတ်တွင် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းစဉ်များကို ရက်သတ္တပတ်အလိုက် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များတွင် ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း လျော့ချရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပါသည်။

No comments:

Post a Comment