Thursday, August 27, 2015

ရုပ်ရှင်လမ်းညွှန်အစီအစဉ် (No Escape)



ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရိုက်ကူးထားသည့် No Escape ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် သြဂုတ်လ ၂၆ ရက်နေ့မှ ရုံစတင်ပြသခဲ့ပါသည်။ ၎င်းဇာတ်ကားတွင် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သော မိသားစုတစ်စု ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်လည် ပတ်ချိန်တွင် စစ်သွေးကြွအဖွဲ့၏ အာဏာသိမ်းအကြမ်းဖက်မှုကို ကြုံတွေ့လာရပါသည်။ ထို့ကြောင့် အိမ်ထောင်ဦးစီး တစ်ယောက်အနေနှင့် ကိုယ်ချစ်သည့်မိသားစုကို စစ်သွေးကြွများ၏ ရက်စက်သော သတ်ဖြတ်မှုမှ ကာကွယ်ရန်ကြိုးစားသည့် အက်ရှင်ဇာတ်ကားဖြစ်ပါသည်။ ၎င်းဇာတ်ကားကို ဒါရိုက်တာ John Eric Dowdle က ရိုက်ကူးထားခြင်းဖြစ်ပြီး မင်းသား Pierce Brosnan၊ မင်းသမီး Lake Bell တို့နှင့်အတူ ကလေးသရုပ်ဆောင် Claire Geare နှင့် Sterling Jerinsတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြောင်း သိရှိရပါသည်။ ကြာမြင့်ချိန် ၁၀၃ မိနစ် ချိန်ရှိသည့် No Escape ဇာတ်ကားကို The Weinstein Company ကုမ္ပဏီမှ တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။  

No comments:

Post a Comment