Transporter
ရုပ်ရှင်ကား၏ ၄ ကားမြောက်ဇာတ်ကားဖြစ်သည့် The Transporter Refueled 2015 ဆိုသည့် ရုပ်ရှင်ဇာတ်ကားနှင့်
မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ထိုရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင်
စက်တင်ဘာလ ၄ရက်နေ့တွင်ရုံတင်ပြသမည် ဖြစ်ပါသည်။ ထိုဇာတ်ကားတွင် Frank Martin သည် မသမာသူများ၏
ထုပ်ပိုးထားသော တရားမ၀င်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေသော အန္တရာယ်ရှိ သည့် အလုပ်ကိုလုပ်နေသူတစ်ဦး
ဖြစ်ပါသည်။ ထို့အပြင် ငယ်ရွယ်ချောမောပြီး သွက်လက်သည့် မိန်းကလေး သုံးဦး၏ ဘဏ်ဖောက်ထွင်းမှုတွင်လည်း
ပါဝင်ပတ်သက်ကူညီခဲ့ပြီး မိတ်ဆွေဖြစ်ခဲ့ပါသည်။ ထိုမိန်းကလေး သုံးဦးနှင့်အတူ ပြန်ပေးဆွဲခံထားရသော
သူ၏ဖခင်ကိုကယ်တင်ရန်ကြိုးစားကြသည့် ဇာတ်ကားဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်နေ့က ပြင်သစ်နိုင်ငံ၊
ပါရီမြို့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ Camille
Delamarre (ခမီးဒယ်အမာ) က ရိုက်ကူးထားပြီး မင်းသား Ed Skrein (အက်စခရင်)နှင့် မင်းသမီး
Loan Chanbanol (လုံးချဘာနို) တို့ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များစွာလည်း
ပါဝင်အားဖြည့်ထားသည့် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါသည်။
No comments:
Post a Comment