နိုင်ငံတော်ကာကွယ်ရေး
တက္ကသိုလ်၏ ရည်ရွယ်ချက်သည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အတွေးအခေါ်များကို
လေ့ကျင့်ပေးရန် ဖြစ်ကြောင်း၊ ကာကွယ်ရေး သက်သက် မဟုတ်ကြောင်း၊ နိုင်ငံအသီးသီးတွင်ရှိသည့်
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်များ၏ ရည်ရွယ်ချက်မှာလည်း မိမိနိုင်ငံ၏ အကျိုးစီးပွားကို
ကာကွယ်ပေးနိုင်သည့် လေ့ကျင့်မှုများကိုပေးသော ကျောင်းများဖြစ်တယ်လို့ ယုံကြည်ထားပါကြောင်း၊
ထို့ကြောင့် ကျောင်းများ၏ ရည်ရွယ်ချက်များ တူညီသဖြင့် နိုင်ငံများရှိ ကျောင်းများ ပူးပေါင်း
ဆောင်ရွက်သွားမည် ဆိုပါက ကောင်းမွန်သည့် ရလဒ်များဖြင့် ဒေသတွင်း နိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုကို
ပိုမိုရရှိနိုင်မည်လို့ ယုံကြည်ပါကြောင်းဖြင့်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ(၃)ရက်
မွန်းလွဲ (၂)နာရီခွဲတွင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက်
အာဆီယံဒေသ ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် အဖွဲ့အစည်းများ၏ ကျောင်းအုပ်ကြီးများ
အစည်းအဝေး တက်ရောက်ခဲ့ကြသည့် နိုင်ငံပေါင်း (၂၁)နိုင်ငံမှ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးများအား
နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။
No comments:
Post a Comment