Friday, November 27, 2015

ငဝန်ရေကာတာနှင့် ဆက်စပ်ဆက်သွယ်သောလမ်းများခင်းကျင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာနှင့် ဆက်စပ်ဆက်သွယ်သောလမ်း နှစ်လမ်းဖြစ်သည့် လမ်းမတော်လမ်းနှင့် ဘုရားလမ်း ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ကို နိုဝင်ဘာလဆန်း မှ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂ဝ ရက်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။ လမ်းမတော်လမ်း ကွန်ကရစ်ခင်းရန်လျာထား ပေ၂၄ဝဝ တွင် ပေ ၉၂ဝ နှင့် ဘုရားလမ်း ပေ၂၈ဝဝ တွင် ပေ ၈ဝဝ လမ်းအကျယ် ၂ဝ ပေ၊ ထု ၈ လက်မ ဖြင့် အရည်အသွေးပြည့် ခင်းကျင်းပြီးစီးခဲ့သည်။ ယင်းလမ်းများအတွက် နိုင်ငံတော်မှ ဘိလပ်မြေအိတ် ၁ဝဝဝဝ ထောက်ပံ့ပေး ရန် လျာထားခဲ့ပြီး ပထမအရစ် ဘိလပ်မြေအိတ် ၅ဝဝဝ ထောက်ပံ့ မှုနှင့် ဒေသခံပြည် သူ လူထုထည့်ဝင်ငွေကျပ် ၈၄၃ သိန်းခန့်ဖြင့် ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၄ဝ ရာနှုန်းပြီးစီးခဲ့သည်။ အဆိုပါလမ်းနှစ်လမ်းတွင် ပါဝင်သော ပြည်သူ့အားကစားကွင်း၊ ရုံးဌာန အဆောက် အအုံများ၊ သာသနိက အဆောက်အအုံနှင့် အများပိုင် အဆောက် အအုံ နေရာများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ အကူအညီတောင်းခံ ၍ ဆက်လက်ခင်းကျင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါလမ်း အဆင့်မြှင့်တင်ပြီးစီးပါက ငဝန်ရေကာတာ ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ဆက်သွယ်သွားလာရေး၊ သယ်ယူ ပို့ဆောင်ရေး များစွာချောမွေ့လာမည်ဖြစ်သည်။

No comments:

Post a Comment