Thursday, November 26, 2015

ဖားကန့်မြေပြိုမှု၌ သေဆုံးသူမိသားစုဝင်များကို ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် အဖွဲ့သည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခါ ကျေးရွာအနောက်ဘက်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ သို့ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီက ရောက်ရှိပြီး မြေစာ ပြိုကျသည့်နေရာ တွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက် နေမှုကို ကြည့်ရှုသည်။ ဆက်လက်၍ တောင်းကော့ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ၌ သေဆုံး သူများ၏ မိသားစုဝင်များအား အားပေးစကားပြောကြား ကာ ပြည်နယ် အစိုးရအဖွဲ့ မှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၁၁၄ သိန်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ နှစ်သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည် နေရာချထားရေး ဝန်ကြီးဌာန မှ အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ မြန်မာ နိုင်ငံကြက်ခြေနီ အသင်းမှ အမည်သိသေဆုံးသူ ၈၃ ဦး အတွက် ၈၃ သိန်း၊ ဖားကန့်မြို့နယ်မှ ဆန် ၁၁၄ အိတ် နှင့် ဆီ ၂၂၈ ပိဿာ၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက် မျက်လုပ်ငန်းရှင် များအသင်း မှ သေဆုံးသူတစ်ဦးလျှင် သုံးသိန်းနှုန်းဖြင့် ၃၄၂ သိန်း ထောက်ပံ့ပေး အပ်ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၇ နာရီခွဲတွင် စုပေါင်းရုံးခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment