Tuesday, November 24, 2015

မိုးလေ၀သသတင်း (၂၅.၁၁.၂၀၁၅ ရက်နေ့ နံနက်ပိုင်း)

ဒီကနေ့ နံနက် မိုးလေဝသဂြိုဟ်တုမှ ဖမ်းယူရရှိတဲ့ပုံအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်ကင်းစင်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသများမှာ တိမ်ကင်းစင်သလောက်ရှိနေတာကို တွေ့ရပါတယ်။
ဒီကနေ့မနက်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အသင့်အတင့်
ဖြစ်ထွန်းခဲ့ပါတယ်။မှတ်သားဖွယ်ရာ မိုးရေချိန်များကတော့ မြိတ်မြို့မှာ(၀.၉၄)လက်မနဲ့ ကော့သောင်းမြို့တွင် (၀.၁၆)လက်မတို့ ဖြစ်ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာမြူ ထူများကျဆင်းခဲ့ပါတယ်..
ထူးခြားသည့်ညအပူချိန်များကတော့ ဟားခါးမြို့ တွင် (၃)ဒီဂရီစင်တီဂရိတ်နဲ့
ပြင်ဦးလွင်မြို့မှာ (၈)ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြပါတယ်။
Ref : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန


No comments:

Post a Comment