Monday, November 23, 2015

တောင်ကြီးမီးပုံးပျံပွဲတော်သို့ လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် ယခင်နှစ်ကထက် ဟိုတယ်အခန်း ပိုမိုစီစဉ်

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့သော မီးပုံးပျံပွဲတော်ကာလ အချိန်အခါများတွင် ဧည့်သည်များခြင်းကြောင့် အခန်းမလုံလောက်မှုများ ရှိသည့်အပြင် အခန်းငှားရမ်းခများလည်း ပိုမိုမြင့်တက်လာကြောင်း သိရပါသည်။ မီးပုံးပျံပွဲတော်ကာလတွင် အခန်းဈေးနှုန်း အမြင့်ဆုံးရက်များသည် လပြည့်နေ့နှင့် လပြည်ကျော် (၁)ရက်နေ့တို့ဖြစ်ပြီး ဧည့်သည်များ ၎င်းနေ့များတွင် အခန်းရရှိရေးအတွက် မြင့်တက်လာသည့် ဈေးနှုန်းများအရ ပေးဆောင်ငှားရမ်းကြရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် တောင်ကြီးမီးပုံပျံပွဲတော်သို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် တည်းခိုနေထိုင်ရေးအဆင်ပြေစေရန် အရင်နှစ်ကထက် အခန်း (၄၀ဝ)ပိုမိုစီစဉ်ထားကြောင်း သိရပါသည်။ ယခုနှစ် တောင်ကြီးမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ (၁၈)ရက်မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ တောင်ကြီးမြို့တွင် ၂၀၁၄ခုနှစ်က ဟိုတယ်အခန်း သုံးထောင့်ငါးရာလေးခန်းသာရှိနေပြီး ယခုနှစ်တွင် အိပ်ခန်း စုစုပေါင်း သုံးထောင့်ကိုးရာလေးခန်းအထိ ရှိလာခဲ့ပြီ ဖြစ်ခြင်းကြောင့် အရင်နှစ်ကထက် အခန်းပေါင်း လေးရာကျော် တိုးတက်လာခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်မီးပုံးပျံပွဲတော်ရာသီတွင် ခရီးသွားများအတွက် အရင်နှစ်ကထက် အခန်းငှားရမ်းခများ ဈေးသက်သာဖွယ်ရှိကြောင်း သိရပါသည်။ 

No comments:

Post a Comment