ကရင်ပြည်နယ်အတွင်းရှိ
မဟာမဲခေါင် (GMS) အရှေ့-အနောက်စင်္ကြန်လမ်းပိုင်းတစ်ခုဖြစ်သော
အိန္ဒုနှင့် ကော့ကရိတ်ဆက်သွယ်ထားသည့် (၆၆.၄)ကီလိုမီတာ လမ်းပိုင်း အဆင့်မြှင့်တင်ရန်အတွက်
ချေးငွေ အမေရိကန်ဒေါ်လာသန်း (၁၀ဝ)ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ပြီ
ဖြစ်ပါသည်။ ကရင်ပြည်နယ်သည် မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ကုန်းလမ်းကုန်သွယ်မှု စုစုပေါင်း၏
(၂၅)ရာခိုင်နှုန်းကို ပို့ဆောင်ရာတွင် အရေးပါလှသည့် လမ်းမကြီးတစ်ခုဖြစ်ပါသည်။ ယခုစီမံကိန်းဖြင့်
လက်ရှိနှစ်လမ်းသွားကားလမ်းကို GMS လမ်း ကွန်ရက်စံချိန်စံညွှန်းများနှင့် အညီအဆင့်မြင့် သွားမည်ဖြစ်ကြောင်း
ADB ဘဏ်၏
သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ ပြီးခဲ့သည့် ဩဂုတ်လ(၃၀) ရက်နေ့ကလည်း အရှေ့-အနောက်စင်္ကြန်လမ်းအပိုင်း၏
အဓိကကျသည့် ကော့ကရိတ်- မြဝတီ လမ်းပိုင်းကိုလည်း ထိုင်းနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့်
အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းလမ်းအပိုင်းသည် (၄၅)ကီလိုမီတာရှည်လျားပြီး အာရှအဆင့်
(၂)ရှိပါသည်။ ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်များထဲတွင် မြဝတီ ကုန်သွယ်မှုဇုန်သည် ကုန်သွယ်မှုအပိုင်းတွင်
အားအထားရဆုံးဇုန်ဖြစ်ပါသည်။ မဟာမဲခေါင် (GMS) အရှေ့-အနောက် စင်္ကြန်လမ်းမကြီး၏ မြန်မာနိုင်ငံအတွင်းရှိလမ်းအပိုင်းများ
အဆင့်မြှင့်တင်မှုအားလုံးပြီးစီးပါက ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့နှင့်
ရန်ကုန်မြို့များအထိ ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံပေါင်း (၃၂)နိုင်ငံ၏ ကုန်သွယ်ရေးနှင့်
ခရီးသွားလာရေးလုပ်ငန်းတွေအတွက် အကျိုးရှိလာမည်ဖြစ်ပြီး ဤလမ်းကြောင်းကြီးကြောင့် အရှေ့ဘက်ဒေသတွင်
စားသုံးသူ သန်း (၁၀ဝ)ခန့် ရှိသည့် ကြီးမားသောဈေးကွက်သစ်တစ်ခုနှင့် ပိုမိုနီးကပ်လာမည်
ဖြစ်ပါသည်။
No comments:
Post a Comment