ဒီကနေ့ မနက် မိုးလေဝသဂြိုဟ်တုမှ ဖမ်းယူရရှိတဲ့ပုံအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာအများအားဖြင့်
သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား
ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများနဲတောင်ပိုင်းဒေသများမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသများမှာတိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
ဒီကနေ့မနက်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
မွန်ပြည်နယ်မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာမြူ ထူများကျဆင်းခဲ့ပါတယ်..
ထူးခြားသည့်ညအပူချိန်များကတော့ ဟားခါးမြို့ မှာ (၅)ဒီဂရီစင်တီဂရိတ်နဲ့ ဖလမ်းမြို့ နဲ့ ပြင်ဦးလွင်မြို့ တို့မှာ (၉)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါတယ်။
အောက်မှာဖော်ပြထားတဲ့ပုံများကတော့ ဒီနေ့မနက် (၀၆း၃၀)နာရီအချိန်ဂြိုဟ်တုတိမ်ပုံနှင့် WRF Model မှ ရရှိတဲ့ (၂၈.၁၁.၂၀၁၅)ရက်နေ့နဲ (၂၉.၁၁.၂၀၁၅)ရက်နေ့ အတွက်မိုးရေချိန်ခန့်မှန်းချက်ပြပုံများဖြစ်ကြပါတယ်။
Ref : မိုးေ လ ၀ သ နှ င့် ဇ လေ ဗ ဒ ညွှ န်ြ ကား မှု ဦး စီး ဌာ န
No comments:
Post a Comment