ရန်ကုန်မြို့တွင်းတွင်
လုပ်ငန်းခွင်ဝင်ရသည့်သူများအတွက် အချိန်ပေးရပြီး ရုံးချိန်အမှီထမင်း၊ ဟင်း ချက်ပြုတ်ရန်
အခက်အခဲရှိသူများအတွက် Catering လို့ခေါ်သည့် အကျွေးအမွေးဝန်ဆောင်မှုပေးသည့်
လုပ်ငန်းသည် လုပ်ကိုင်သူများလာသလို မှာယူသည့်နေရာအရောက် အချိန်မှီပို့ဆောင်မှုနှင့်
Customer
များကို စေတနာထားပြီး ဝန်ဆောင်မှုပေးသည့် အပေါ်မူတည်ပြီး လုပ်ငန်းရပ်တည်ရကြောင်း သိရပါသည်။
ဈေးနှုန်းလည်း သင့်တင့်၍ သန့်ရှင်းပြီး အိမ်တွင်ချက်သည့် ထမင်း၊ ဟင်း အရသာအတိုင်းစားချင်သူများအတွက်
ပိုမိုအဆင်ပြေသည့်အပြင် ၎င်းလုပ်ငန်း၏ အားသာချက်က ဆိုင်ခန်းငှားခ သက်သာခြင်းဖြစ်ပါသည်။
ဆိုင်ခန်းငှားခဈေးနှုန်း ကြီးမြင့်လှသည့် ရန်ကုန်မြို့အတွက် ၎င်းလုပ်ငန်းဟာပိုပြီး ဈေးကွက်ကျယ်ပြန့်လာနိုင်ကြောာင်း
သိရပါသည်။
No comments:
Post a Comment