နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ နံနက် ၉ နာရီမှ ၉း၄၅ နာရီအထိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင်
၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့် ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ ကတိပေးထားသည့်အတိုင်း ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ ကျင်းပပေးခဲ့သည့်အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးခဲ့သည့်အကြောင်းအရာများ
(၁) နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
(၂) မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော်အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခုကို ထူထောင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

No comments:
Post a Comment