Thursday, January 28, 2016

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းအရ မြန်မာနိုင်ငံမှာ အိမ်ရာလိုအပ်ချက်ရှိသူ (၇)သန်းကျော် ရှိနေပါသည်။ နိုင်ငံတော်၏အစီအစဉ်ဖြင့် (၄၆) ဘီလီယံ အကုန်အကျခံပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် အငှားအိမ်ရာ (၄၀၀၀)ကျော် ဆောက်လုပ်နေသည်ဟု သိရပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအိမ်ဈေးနှုန်းသည် လွန်ခဲ့သည့် (၃)နှစ်ကထက် (၂)ဆနီးပါး မြင့်တက်နေသောကြောင့် အစိုးရ၏ အငှားအိမ်ရာစီမံကိန်းသည် အိမ်ရာမရှိသူများအတွက် သတင်းကောင်းတစ်ခုပဲဖြစ်ပါသည်။ ဒီအငှားအိမ်ရာသည် အခြေခံလူတန်းစားများအတွက် ရည်ရွယ်ထားပြီး ဆင်းရဲနွမ်းပါးသူများ ငှားနေနိုင်သည့် ဈေးနှုန်းဖြစ်အောင်ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုလည်းသိရပါသည်။ ဒီဒီမံကိန်းသည် တကယ်လိုအပ်နေသည့် ပြည်သူများအတွက် အကူအညီပေးနိုင်မည်လားဆိုသည်ကို ဆွေးနွေးထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment