မကြာမီ အောင်သီရီ ဗီဒီယိုထုတ်လုပ်ရေးက ဖြန့်ချီရန်ရှိနေသည့်
ပဉ္စလက်နှောင်ကြိုးဗီဒီယို ဇာတ်ကားနှင့် မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ထိုဗီဒီယိုဇာတ်လမ်းတွင်
နေနိုင်၏ မျက်လှည့်ပညာနှင့် ရွှေဘုံစံကို ပျော်ရွှင်စေရန် ပြသစေခဲ့ရာမှ
စတင်ရင်းနှီးခဲ့ကြပြီး ချစ်ကြိုက်ခဲ့ရာမှ လက်ထပ်ရန်အဆင့်ထိဖြစ်လာခဲ့ ကြပါသည်။ လက်ထပ်ပြီးနောက်
တစ်ဦးနှင့် တစ်ဦး သဘောထားမတိုက်ဆိုက်မှုများဖြစ်ခဲ့ပြီး စိတ်ဆိုးရန် ဖြစ်ကြရာမှ နေနိုင်၏
မျက်လှည့်ပစ္စည်းကို ရိုက်ခွဲလိုက်ပါသည်။ ထိုနောက် ကွာရှင်းရန်အထိဖြစ်လာသော်လည်း
ဝါတွင်းကာလဖြစ်သည့်အတွက် ပြောင်းရွှေ့ရန် အဆင်မပြေခြင်းများ ဖြစ်ခဲ့ကြပါသည်။
မိဘများ မသိသည့် အခြေအနေတွင် ဟန်ဆောင်နေထိုင်ခဲ့ကြပါသည်။ ကွာရှင်းထားသော်လည်း သံယောဇဉ်မပြတ်ခဲ့ကြသည့်
ချစ်သူ(၂)ယောက်ကြား ပြန်လည် အဆင်ပြေနိုင်မလားကို ထိုဇာတ်ကား ထွက်ရှိလာရင်
ကြည်ရှုရမှာဖြစ်ပါသည်။ ထိုဇာတ်လမ်းတွင် အောင်ရဲလင်းနှင့် သင်ဇာဝင့်ကျော်တို့က အဓိက
သရုပ်ဆောင်ထားပြီး သရုပ်ဆောင်များစွာနှင့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အာရုဏ်ဦး)က
ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment