ကျေးလက်ဒေသဖွံ့ဖြိုးရေး
မဟာဗျူဟာမူဘောင်များနှင့်အညီ မြစိမ်းရောင်ကျေး ရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅
ဘဏ္ဍာရေးနှစ်မှ စတင်ဆောင် ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ကျေးရွာပေါင်း (၄၄၅၀)တွင်
အကောင် အထည်ဖော်ဆောင် ရွက်နေပြီး အချိန်တိုကာလအတွင်း အောင်မြင်မှုများ ရရှိနေ
သည်ကို တွေ့မြင်နေရပြီဖြစ်ပါကြောင်းဖြင့် ယနေ့ နံနက် (၉) နာရီအချိန်တွင်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန၊ သင်တန်းခန်း မ၌ ကျင်းပသည့်
စိန်းလမ်းအမိမြေအဖွဲ့နှင့် Social Policy & Poverty Research Group (SPPRG)
တို့ ပူးပေါင်းဖွင့်လှစ်သည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဆန်းစစ်အကဲဖြတ်မှု
စစ်တမ်းကောက်ယူရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေ သဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က
ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် မြစိမ်းရောင်ကျေး
ရွာစီမံကိန်း၏ အောင်မြင်မှု၊ အားသာချက်၊ အားနည်းချက်များကို အခြားကျေး ရွာများနှင့်
နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ်အကဲဖြတ် နိုင်ရန် ပြည်နယ်/ တိုင်းဒေသကြီး အားလုံးရှိ
စီမံကိန်းဝင်ကျေးရွာ (၉၀၈)ရွာနှင့် စီမံကိန်းမဟုတ် သောကျေးရွာ (၉၅)ရွာ၊
စုစုပေါင်းကျေးရွာ(၁၀၀၃)ရွာမှ အိမ်ထောင်စုပေါင်း (၁၀၀၃၀) ကို
စစ်တမ်းကောက်ယူသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက်
စိမ်းလန်းအမိမြေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဝင်းမျိုးသူက မြစိမ်းရောင် ကျေးရွာ
စီမံကိန်း ဆန်းစစ်အကဲဖြတ်စစ်တမ်းကောက်ယူမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း
စစ်တမ်းကောက်ယူမှုဆိုင်ရာ သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သင်တန်းသား/ သူ ဝန်ထမ်း (၁၀၃) ဦး
တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃) ရက်ကြာမြင့်မည်ဖြစ်သည်။ ထို့နောက်
နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာ နရုံး၊ သင်တန်း
ခန်းမ၌ကျင်းပသော အရာထမ်းလုပ်ငန်းခွင် စွမ်းဆောင် ရည်မြှင့် တင်ရေး
သင်တန်းအမှတ်စဉ်(၂)သို့ ရောက်ရှိ၍ သင်တန်းသား/သူ အရာထမ်းဝန်ထမ်းများအား
တွေ့ဆုံသည်။ အဆိုပါ အရာထမ်းလုပ်ငန်းခွင်
စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၂) သို့ နေပြည်တော်ကောင်စီအပါအဝင်
တိုင်းဒေသကြီး/ပြည်နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရာထမ်းဝန်ထမ်း(၃၀)ဦး
တက်ရောက် ကြပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်
စုရာထူးဝန်အဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး
ဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ
သင်တန်းနည်းပြ များဖြင့် ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများအား သင်တန်းကာလ
(၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment