Saturday, January 30, 2016

မြန်မာဗီဒီယိုအညွှန်း အစီအစဉ် (အမေချစ်တဲ့ချမ်းအေး ဗီဒီယိုဇာတ်ကား)

ခေတ်သစ်ဗီဒီယိုထုတ်လုပ်ရေးက မကြာမီဖြန့်ချိရန်ရှိသည့် အမေချစ်တဲ့ချမ်းအေး ဗီဒီယိုဇာတ်ကားနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ချမ်းအေးသည် လူဂုဏ်တန်မိသားစုမှ စွန့်ပစ်ခံရသည့် ကလေးငယ်တစ်ဦးဖြစ်ပါသည်။ စွန့်ပစ်ခံရသည့်ကလေးငယ်ကို အကြော်သည်ဒေါ်နှင်းက ကောက်ယူမွေးစားခဲ့ပြီး ရွာတွင် တိတ်တဆိတ်ကလေးလာမွေးသည့် ဒေါ်ခင်မြမူနှင့် သမီးစန္ဒာသင်းတို့ စွန့်ပစ်ခဲ့သည့်ကလေးဟု သိရှိခဲ့ပါသည်။ ဒေါ်နှင်းက ချမ်းအေးအား လူလားမြောက်သည့်ထိ ကျွေးမွေး စောင့်ရှောက်ခဲ့ပြီး တစ်နေ့တွင် မသမာသူလူတစ်စုကြောင့် ဒေါ်နှင်း၏ မျက်စိအမြင်အာရုံချို့ ယွင်းခဲ့ရ ပါသည်။ ချမ်းအေးအရွယ်ရောက်လာချိန်တွင် မြို့သို့ပြောင်းပြီး ဆင်ခြေဖုံးရပ်ကွက်တွင်နေထိုင်ပြီး မိခင်၏ မျက်လုံးအားဆေးကုရန်ကြိုးစားရင်း ထက်ထက်ဆိုသည့် ဆရာဝန်မလေးနှင့် တွေ့ဆုံ ချစ်ကြိုက်သွားခဲ့ပါသည်။ ထက်ထက်၏မိခင် ဒေါ်စန္ဒာသင်းက ချမ်းအေးနှင့် သဘောမတူဘဲ ပစ်ပစ်ခါခါနှိမ်ချဆက်ဆံခဲ့ပါသည်။ ထို့နောက်တွင် ချမ်းအေး၏ မိခင်အရင်းသည် ဒေါ်စန္ဒာသင်း ဆိုသည်ကို သိရှိသွားမည်လား၊ ချမ်းအေးနှင့် ထက်ထက်တို့ ဆုံစည်းနိုင် မည်လားဆိုသည်ကို ထိုဇာတ်ကားထွက်ရှိချိန်တွင် ရှုစားရမည်ဖြစ်ပါသည်။ ထိုဇာတ်လမ်းတွင် ရဲမြတ်၊ ရဲအောင်၊ ကျော်ဇေယျ၊ စိုးမြတ်သူဇာ၊ ချမ်းမီမီကို၊ မေပန်းချီ၊ ခင်မို့မို့အေးတို့က အဓိကသရုပ်ဆောင်ထားပြီး ဒါရိုက်တာ ဇော်မျိုးမှ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါသည်။ 

No comments:

Post a Comment