Thursday, January 28, 2016

Connect to Learn အစီအစဉ်အနေနှင့် သချာင်္၊ ဒေသသုံးဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားများကို သင်ကြားပေးသွားမည်

မြန်မာနိုင်ငံမှကျောင်းသား ၂၁,၀၀၀ ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် Connect to Learn အစီအစဉ်အနေနှင့် သချာင်္၊ ဒေသသုံးဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားများကို  သင်ကြားပေးသွားမည့် အစီအစဉ်ကို Ericson ဆက်သွယ်မှုနည်းပညာနှင့် ၀န်ဆောင်မှုလုပ်ငန်းမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်အတွက် စာသင်ကျောင်း ၃၁ ကျောင်းမှ ဆရာ၊ ဆရာမပေါင်း ၁၅၅ဦးအား စာသင်ခန်းအတွင်း ကျောင်းသားများကို ICT နည်းပညာများအသုံးပြုပြီး စာသင်ကြားခြင်း၊ အင်တာနက်အခြေပြုလေ့လာသင်ယူမှုများကို ပိုမိုလုပ်ဆောင်လာနိုင်မည့် လေ့ကျင့်သင်ယူမှုပထမအဆင့် အောင်မြင်ပြီးစီးသွားပြီဖြစ်ပါသည်။ အဆိုပါအစီအစဉ်ကို Ericson နှင့် UK Department for International Development နှင့် Girl’s Education Challenge တို့မှ ပူးပေါင်းအကောင်အထည်ဖော်ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment