စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အားဂျပန်နိုင်ငံ၊ Japan-Myanmar Association မှ
Chairman ဖြစ်သူ Mr. Hideo WATANABE ဦးဆောင်သောအဖွဲ့သည် ဇန်န၀ါရီလ(၆)ရက်နေ့နံနက်(၉)နာရီ
တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင်Japan-Myanmar Associationနှင့်
စက်မှုဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
ဆိုင် ရာ ကိစ္စရပ်များ၊ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်မှု သင်တန်းကျောင်း များအားအဆင့်မြှင့်တင်၍
လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေး ထုတ်ပေးနိုင်ရေး ကိစ္စရပ် များနှင့်နှစ်နိုင်ငံအနေဖြင့်
ပိုမိုချစ်ကြည် ရင်းနှီး စွာဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင် ရေးဆိုင်ရာ ကိစ္စရပ်
များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment