ယခုနှစ်မိုးစပါးပေါ်ချိန်တွင် စပါးဈေးသည်
(၃)နှစ်အတွင်းအမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ကြောင်း သိ၇ပါသည်။ ထို့သို့ဈေးမြင့်တက်မှုများတွင်
၂၀၁၅ခုနှစ်၊ ဇွန်နဲ့ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုက စပါးအထွက်လျော့နည်းခြင်း၏ အဓိကအကြောင်းအရင်းဖြစ်နေပါသည်။
၂၀၁၄ခုနှစ် စပါးပေါ်ချိန်တွင် စပါးအမျိုးအစားအလိုက်တင်းတစ်ရာလျှင် (၂)သိန်းခွဲမှ (၃)သိန်းအထိသာရှိသော်လည်း
ယခုနှစ်စပါးသစ်ပေါ်ချိန်တွင် တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းကျော် ပေါက်ဈေးရှိနေကြောင်း
သိရပါသည်။ ထို့သို့ စပါးဈေးမြင့်တက်နေသော်လည်း ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းကျဆင်းနေခြင်းမှာ
ဈေးနှုန်းသက်သာသည့် ထိုင်းနိုင်ငံမှ ဆန်များဝင်ရောက်လာမှုကြောင့်
ဖြစ်ကြောင်း ဆန်ရောင်းချသူများထံမှ သိရပါသည်။ ယခုလို ဆန်ဈေးနှင့် စပါးဈေးမျှခြေမရှိခြင်းကြောင့်
စပါးကြိတ်ခွဲပြီး ပြန်လည်ရောင်းချသည့် ကုန်သည်များက အရှုံးပေါ်နေသည့် အခြေအနေတွင် ရှိနေပါသည်။
စပါးဈေး မြင့်တက်မှုကြောင့် သိုလှောင်သူနည်းပါးပြီး ဆန်စက်များကလည်း လျော့ချလည်ပတ်နေကြောင်း
သိရပါသည်။
No comments:
Post a Comment