Tuesday, February 23, 2016

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်လာမည့် မူဆယ်စီးပွားရေးဇုန်



   မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်လာမည့် မူဆယ်စီးပွားရေးဇုန်ကို ၂၀၁၈ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပါသည်။ ဧက(၃၀ဝ)ကျယ်ဝန်းသည့် ၎င်းစီမံကိန်းထဲတွင် ကုန်သွယ်ရေးဇုန်များ၊ ကွန်ဒိုမီနီယံများ၊ အထပ်မြင့်ရုံးခွဲများ၊ အချောထည်များသာရောင်းချရမည့် ကျောက်စိမ်းဈေးတစ်ခု အဆင့်မြင့် နေအိမ်အလုံး (၃၀ဝ)၊ ဟိုတယ် (၃)ခု၊ Super Market များ၊ ရဲစခန်း၊ မီးသတ်ဌာနများနှင့် တိုင်းရင်းသားကျေးရွာ တစ်ရွာတို့ပါဝင်မည် ဖြစ်ပါသည်။ လက်ရှိတွင် လူနေနိုင်သည့်ဆိုင်ခန်း (၁၉၂)ခန်းပါဝင်ပြီး (၉၃.၈)ဘီလီယံကျပ် ကုန်ကျသည့် ပထမအဆင့်ကို ဖွင့်လှစ်ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ကုန်စည်များတင်ပို့ရာ ကုန်းလမ်း ကုန်သွယ်မှု၏ (၈၀)ရာခိုင်နှုန်းကျော်ကို ဒီမူဆယ်ဂိတ်မှ တင်ပို့ခြင်းဖြစ်သည့်အတွက် အရေးကြီးသည့် နယ်စပ်ဂိတ်လည်း ဖြစ်ပါသည်။ လက်ရှိတွင် ကုန်ပစ္စည်းသိမ်းဆည်းနိုင်မည့် ကုန်လှောင်ရုံများ အားနည်းချက်ရှိနေခြင်းကြောင့် ဝယ်ယူသူတို့ စိတ်ကြိုက်ဈေးကစားနိုင်သည့် အခြေအနေတွင် ရှိနေပါသေးသည်။ ယခုတည်ဆောက်နေသည့် ၎င်းစီမံကိန်းကြီးထဲတွင် လုံလောက်သည့်ကုန်လှောင်ရုံများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်သည့်အတွက် ၎င်းစီမံကိန်းကြီး ပြီးစီးသွားရင် ပြည်တွင်းမှ ကုန်သည်များအတွက် မှန်ကန်မျှတသည့် ဈေးကွက်တစ်ခုကို ရရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment