Saturday, February 27, 2016

မြန်မာဗီဒီယိုအညွှန်းအစီအစဉ် (လိမ်ဆင် ဗီဒီယိုဇာတ်ကား)

ဖီးနစ် ဗီဒီယိုထုတ်လုပ်ရေးက မကြာမီဖြန်ချိရန်ရှိနေသည့် “လိမ်ဆင်” ဗီဒီယိုဇာတ်ကားနှင့် မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထိုဇာတ်ကားတွင် ဇော်နောင်တို့အဖွဲ့နှင့် ပန်းနုတို့အဖွဲ့သည် ယောကျာ်းလေးများသည် မိန်းကလေးများထက်ဉာဏ်ပိုကောင်းကြောင်း၊ ပိုတော်ကြောင်း ငြင်းခုံရာမှ ပန်းနုက အလောင်းအစားလုပ်ပြီးဆုံးဖြတ်ရန် လောင်းကြေးထပ်ခဲ့ကြပါသည်။ အလောင်းအစားတွင် အကြွားသန်သည့် ဒေါ်မိမိခင်ဆိုသည့် အမျိုးသမီး၏လက်ထက်လက်စွမ်အား ပိုင်ရှင်လုံးဝမသိဘဲ ဇော်နောင်ကယူပေးရမည်ဖြစ်ပြီး သူ့အနေနှင့် ခန့်ညားရန်လိုသောကြောင့် ကိုအောင်မြင့်နှင့် ကိုကျော်မင်းတို့ထံမှ လက်စွမ်းများငှားခဲ့ပါသည်။ တစ်နေ့တွင် လောင်းကြေးထက်သည့်နေရာသို့ ဇော်နောင်ရောက်လာပြီး လောင်းကြေးနိုင်သည့် သိန်း ၄၀ ကိုရယူပြီး အောင်ပွဲခံနေရင်း အရေးပေါ်ကိစ္စတစ်ခုကြောင့် ကိုအောင်မြင့်နှင့် ကိုကျော်မင်းတို့၏ လက်စွပ်များပြန်ပေးကာ ည ၇ နာရီ စားသောက်ဆိုင်တွင်ဆုံမည်ဟု ချိန်းဆိုခဲ့ပါသည်။ နောက်တစ်နေ့တွင် ပြန်ပေးသည့် လက်စွပ်များနှင့် လောင်းကြေးငွေများအား ဇော်နောင်နှင့် ပန်းနုတို့ ပူးပေါင်းလိမ်ယူသွားကြောင်း သိရှိသည့်အခါတွင် ဆက်ဖြစ်မည့်အဖြစ်အပျက်များကို ဇာတ်ကားထွက်ရှိချိန်တွင် ကြည့်ရှုရမည်ဖြစ်ပါသည်။ ထိုဇာတ်လမ်းတွင် ခန့်စည်သူ၊ ခိုင်သင်းကြည်တို့ အဓိကသရုပ်ဆောင်ထားပြီး ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) က ရိုက်ကူးပုံဖော်ပေးထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment