ကနေဒါနိုင်ငံခြားရေးဝန်ကြီးအနေနှင့်
မြန်မာနိုင်ငံကို ယခုနှစ်၏ ဧပြီလဆန်းပိုင်းထဲတွင် လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်ပြီး
ပူးပေါင်းဆောင်ရွက် နိုင်မည့် အားထုတ်မှုများကို နှစ်နိုင်ငံခေါင်းဆောင်များ
တွေ့ဆုံစဉ်တွင် ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အနေနှင့်ဆိုရင်
ကနေဒါ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၉၀) ကျော်တွင်ရှိနေပြီး
နှစ်နိုင်ငံကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ (၅၂) သန်းဝန်းကျင်တွင် ရှိနေပါသည်။၊
ကနေဒါနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုစိတ်ပါဝင်စားမှုနှင့် ပတ်သတ်ပြီး
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ် Mark McDowell နှင့် ဆွေးနွေးပြီး သိရှိနိုင်ရန်
တင်ပြအပ်ပါသည်။
No comments:
Post a Comment