Wednesday, June 29, 2016

သမဝါယမချေးငွေ ကျပ်ငါးရာဘီလျံကျော် ဇူလိုင်လဆန်းတွင်ထုတ်ပေးမည်



                    
          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာနသည် လာမည့် ဇူလိုင်လဆန်းတွင်  သမဝါယမအသင်းသားချေးငွေကျပ် ငါးရာဘီလျံကျော်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထုတ်ပေးမယ့်ချေးငွေသည် အသင်းသားတွေ၏ စုဆောင်းငွေ၊ China EXIM Bank ချေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း ဘီလျံငါးရာကျော်ဖြစ်ပါသည်။
          ပြီးခဲသည့် ဇန်နဝါရီလတွင် သမဝါယအသင်းပေါင်းသုံးသောင်းကျော်မှ အသင်းသား (၂.၆)သိန်းကျော် ထံသို့ချေးငွေ (၄၈၁)ဘီလျံ ထုတ်ချေးထားရာ ခြောက်လပြည့်မြောက်သည့် ဇွန်လကုန်တွင် ပြန်လည်ကောက်ခံပြီး ထပ်မံထုတ်ချေးပေးမည့်အစီအစဉ်ဖြစ်ပါသည်။ သမဝါယမချေးငွေသည် ချေးယူသောအသင်းသားများထံ ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ခြောက်လလျှင်တစ်ကြိမ် အပြည့်အဝ ပြန်လည်ကောက်ခံခြင်း ဖြစ်သောကြောင့် ယနေ့အထိ ဆုံးရှုံးမှုမရှိသေးကြောင်း သိရပါသည်။ လယ်ယာကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုး စရိတ်အခက်အခဲကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်သည့် ယင်းချေးငွေသည် နိုင်ငံတော်အစိုးရ အတွက်လည်း ဝန်ထုပ်ဝန်ပိုးလျော့နည်းစေပါသည်။ ချေးငွေအတိုးနှုန်းမှာ တစ်လလျှင် (၁.၅)ရာခိုင်နှုန်း (၁ကျပ်ခွဲ)သာ ရှိသောကြောင့် တောင်သူများအားထားရာ ငွေကြေးအရင်းအမြစ်တစ်ခုလည်းဖြစ်ပါသည်။
          သို့သော်လည်း ချေးယူသူများတွင် ကြုံတွေ့နေရသည့် အခက်အခဲက သီးနှံပေါ်သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ ခြောက်လတစ်ကြိမ် အကြေပြန်ဆပ်ရသည့်အတွက် ၎င်းထက် အချိန်တိုးပေးနိုင်ရန် တောင်သူများဘက်က မျှော်လင့်နေကြသော်လည်း ခြောက်လတစ်ကြိမ်ပြန်ဆပ်ခြင်းသည် အကြွေးဆုံးရှုံးမှုဒဏ်ကိုသက်သာ စေသည့်အတွက် ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း သိရပါသည်။

No comments:

Post a Comment