Wednesday, June 1, 2016
(၅)နှစ်တာ ကာလအတွင်းပြည်ပသို့ ဂဏန်းတင်ပို့မှုမှ ရရှိငွေအနည်းဆုံးဖြစ်
ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်
ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းတွေထဲတွင် ဂဏန်းတင်ပို့ လုပ်ငန်းလည်းတစ်ခု အပါအဝင်ဖြစ်ပါသည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုဒဏ်တွေကြောင့် ဂဏန်းများသည် လမ်းခုလတ်တွင် သေဆုံးမှုပိုများလာသည့်အတွက်
လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ မျိုးဥပါဂဏန်းတင်ပို့မှုကို ရပ်ဆိုင်းထားကြောင်း
ဒေသခံဂဏန်းအဝယ်ဒိုင်တွေစီက သိရပါသည်။ မြန်မာနိုင်ငံမှ
ပြည်ပသို့ ဂဏန်းတင်ပို့ရာတွင် သဘာဝအတိုင်းဖမ်းဆီးရရှိသည့် ဂဏန်းတွေကိုသာ အဓိကထား တင်ပို့နေခြင်းဖြစ်ပါသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဂဏန်းတင်ပို့ရာမှ အမေရိကန်ဒေါ်လာ သန်းတစ်ရာရရှိခဲ့ပြီး၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း (၄၀)ခန့်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ
သန်း (၂၀)သာရရှိတာကြောင့် နှစ်စဉ် ပြည်ပသို့ ဂဏန်းတင်ပို့မှုတွင် ရရှိငွေ တစ်ဖြေးဖြေးကျဆင်းလာခြင်းကို
တွေ့မြင်ရပါသည်။ ထိုသို့ ဂဏန်းတင်ပို့မှုကျဆင်းလာရခြင်းသည် သဘာဝဒီရေ တောများပြုန်းတီးလာမှု၊
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများနှင့် စည်းကမ်းမဲ့ ဂဏန်းဖမ်းဆီးမှုတွေကြောင့်ဖြစ်ကြောင်း
သိရပြီး ဂဏန်းတင်ပို့မှုမှ ရရှိငွေပြန်လည်မြင့်တက်စေရန်အတွက် ဂဏန်းလုပ်ငန်းရှင်တွေနှင့်
ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန်
လိုအပ်နေကြောင်း သိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment