Wednesday, August 24, 2016

ရန်ကုန်မြို့ခရီးသည်တင်ယာဉ်ထက် အိမ်စီးကားနှင့် အငှားကားပိုများနေ



ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်ထက် အိမ်စီးကားနှင့် အငှားကား ပိုများကြောင်း သိရပါသည်။ ကားပါကင်ထောက်ခံချက်နှင့် တင်သွင်းသည့် Free ပါမစ်ကားများကို တင်သွင်းခွင့်ရပ်ဆိုင်းထားသော်လည်း ယခုနှစ် ဇူလိုင်လကုန်ထိ စာရင်းတွေအရ ရန်ကုန်မြို့တွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ရှစ်သိန်းခန့်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ၂၀၁၅ နှစ်လယ်ပိုင်းအထိ ရန်ကုန်တွင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေတွင် ငါးသိန်းကျော်သာရှိခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန် လိုင်စင်ကားများ တင်သွင်းခွင့်ပိတ်ထားခဲ့ပါသည်။ ယခုနှစ်ဇူလိုင်လအထိ ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များတွင် လူစီးယာဉ်သုံး သိန်းသုံးသောင်းကျော်၊ ခရီးသည်တင်ယာဉ် တစ်သောင်း ငါးထောင်ကျော်၊ ကုန်တင် (ဝန်ပေါ့) တစ်သိန်းနှစ်သောင်းကျော်၊ တစ်ခြားယာဉ်နှစ်သောင်းကိုးထောင်ကျော် နှစ်ဘီးတပ်ယာဉ် နှစ်သိန်းငါးသောင်းကျော်၊ သုံးဘီးတပ်ယာဉ် လေးထောင့်လေးရာကျော်၊ ထော်လာဂျီသုံးထောင် ကျော်နှင့် ယန္တရားငါးရာကျော်ပါဝင်ကြောင်း သိရပါသည်။ ယခုလက်ရှိ ခရီးသည်တင်ယာဉ်ထက် အိမ်စီးကားနှင့် အငှားကားအရေအတွက်က ပိုများနေပြီး နောက်ပိုင်းတွင် လူစီးယာဉ်များတင်သွင်းခြင်းကို ထိန်းချုပ် ကန့်သတ်မည့် သဘောရှိကြောင်း ကားတင်သွင်းရောင်းချသူများက သုံးသပ်ကြပါသည်။

No comments:

Post a Comment