မြန်မာနိုင်ငံ၏
ဘဏ်လုပ်ငန်းများအနေနှင့် အခုအချိန်မှာဘာတွေကို အလျင်အမြန်အကောင်အထည်ဖော်နေခြင်း ကို
မြင်ရသလဲဆိုရင် နိုင်ငံတကာဘဏ်လုပ်ငန်းစနစ်နည်းတူ အင်တာနက်၊ မိုဘိုင်းဘဏ်လုပ်ငန်းများကို
တွင်တွင် ကျယ်ကျယ် လုပ်ကိုင်လာကြခြင်းကို မြင်သည်ဟု ပြောချင်ပါသည်။ ထိုလုပ်ကိုင်သည့်နေရာတွင်
ငွေပေးချေမှုအတွက် ကဒ်အသုံးပြု သည့် စနစ်ကိုလုပ်ကိုင်ခြင်းက အထင်ရှားဆုံးဖြစ်ပါသည်။
ပြည်တွင်းမှာ ငွေပေးချေကဒ်များကို လက်ရှိအချိန်တွင် ဘယ်လောက်အထိအသုံးပြုနေပြီ အခြေအနေကဘယ်လိုလဲဆိုတာကို
သတင်းထောက် မထက်ထက်အောင်က တင်ပြထားပါသည်။
No comments:
Post a Comment