အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်
အစိုးရအဖွဲ့သည် ဇူလိုင်လ ၂၉ ရက်နေ့က အချက်ပေါင်း
၁၂ ချက်ပါဝင်သည့် မြန်မာ့စီးပွားရေးမူဝါဒကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းဖော်ပြထားသည့် စီးပွားရေးမူဝါဒအချက်အလက်များ
အရဆိုလျှင် ယေဘူယျအခြေအနေအရ နိုင်ငံ့စီးပွားရေးတစ်ခုလုံးကို ခြုံငုံမိသော်လည်း တိကျသည့်
အသေးစိတ်အချက် အလက်တွေ မတွေ့ရဟု စီးပွားရေးလုပ်ငန်းရှင်များဆီက ပြန်ကြားရခြင်းမျိုးလည်း
ရှိနေပါသည်။ တစ်ခါ အစိုးရအနေနှင့် ၎င်းအချက်များက ကျယ်ပြန့်လွန်းခြင်းကြောင့် အကောင်အထည်ဖော်ဆောင်သည့်
နေရာတွင်လည်း အခက်အခဲတွေရှိနေကြောင်း ထင်မြင်ကြခြင်းလည်း ရှိနေပါသည်။
No comments:
Post a Comment