လွန်ခဲ့သည့် ၂
နှစ်ကျော်လောက်ကတည်းက အေးစက်နေခဲ့သည့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည်
ယခုနှစ်၏ ဇူလိုင်အကုန် - သြဂုတ်လဆန်းလောက်နေစပြီး အနည်းငယ် လှုပ်ရှားမှုရှိလာကြောင်း
အိမ်ခြံမြေလုပ်ငန်းရပ်ဝန်းက ပြောကြောင်း သိရပါသည်။ ရွှေဈေးကွက် အတွင်းဈေးနှုန်းမြင့်တက်မှုများရှိနေသကဲ့သို့
နိုင်ငံခြားငွေလဲနှုန်းကလည်း မြင့်မားနေခြင်းကြောင့် ဈေးကွက်အေးစက်နေသည့် အိမ်ခြံမြေကို
ပြန်လည် စိတ်ဝင်စားလာခြင်းကြောင့် ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက
ပြောပါသည်။ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဆိုသည့် သတင်းကြောင့်
ဈေးကွက်အတွင်းလှုပ်ခတ်မှုတစ်ချို့ ရှိလာခဲ့ကြောင်းလည်း သိရပါသည်။
No comments:
Post a Comment