Monday, January 2, 2017

လုပ်ငန်းများငွေကြေးဝန်ဆောင်မှု တိုးမြှင့်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်ကအမေရိကန်ဒေါ်လာ သန်းတစ်ရာငွေချေးမယ့်

မြန်မာ့ဘဏ္ဍာရေးကဏ္ဍတိုးတက်ဖို့ ချေးငွေအမေရိကန်ဒေါ်လာ သန်းတစ်ရာပေးအပ်သွားမည်ဟု ကမ္ဘာ့ဘဏ်ကသတင်းထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းပြီး တည်ငြိမ်သည့်ငွေရေးကြေးရေးကဏ္ဍဖော်ဆောင်နိုင်ရန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ပြီး ငွေရေးကြေးရေးဝန်ဆောင်မှုအမျိုးမျိုးတို့ တိုးတက်ရရှိနိုင်ရန်နှင့် ပွင့်သစ်စအသေးစားငွေချေးလုပ်ငန်း အာမခံလုပ်ငန်းတွေတိုးတက်လာဖို့အတွက် ရည်ရွယ်ပြီး ငွေချေးပေးတာဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါသည်။ ကမ္ဘာ့ဘဏ်အနေနှင့် ယင်းငွေကို အတိုးမယူပဲချေးမှာဖြစ်ပြီး (၃၈)နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏အခုလို ငွေချေးမယ့်အစီအစဉ်ကြောင့် နိုင်ငံပိုင်ဘဏ်တွေကို ပြုပြင်ပြောင်းလဲမှု၊ ဥပဒေမူဘောင်တွင် ခိုင်မာအောင်ဆောင်ရွက်မှုနှင့် အိမ်တွင်းမှုလုပ်ငန်းတွေ အသေးစားနှင့်အလတ်စားလုပ်ငန်းတွေ၏ ဘဏ္ဍာရေးကဏ္ဍတိုးတက်အောင် လုပ်ဆောင်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ 

No comments:

Post a Comment