Monday, January 2, 2017

၂၀၁၇ခုနှစ်မှာ သွင်းကုန်အမျိုး (၁၅၀)ကိုလိုင်စင် လျှောက်ထားရန်မလို

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်အမျိုးအမည်ပေါင်း လေးထောင့်တစ်ရာကျော် ရှိသည့်အနက် ကုန်စည်တစ်ရာ့ငါးဆယ်ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလကစပြီး သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေထုတ်ပြန်လိုက်ပါသည်။ အခုလိုထုတ်ပြန်လိုက် ခြင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကုန်သွယ်မှုစည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး သွင်းကုန်လိုင်စင်ဖြေလျော့တာဖြစ်ပါသည်။ ဖြေလျော့လိုက်သည့် ကုန်စည်များမှာ ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ရော်ဘာ၊ အလူမီနီယံ၊ သတ္တု၊ လျှပ်စစ်၊ ရထားစက်ခေါင်း၊ မော်တော်ယာဉ်များနှင့် ၄င်းတို့၏ဆက်စပ်ပစ္စည်းများပါဝင်ကြောင်းသိရပါသည်။ ဒါ့အပြင် သွင်းကုန်လိုင်စင်လျှောက် ထားဖို့ မလိုသည့် ကုန်ပစ္စည်းတွေကိုတော့ ထပ်မံပြီး ထုတ်ပြန်ပေးသွားမှာဖြစ်ပါသည်။ အခုဘဏ္ဍာနှစ်မှာ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအား ပို့ကုန် (၁၅၂)မျိုးနှင့် သွင်းကုန် (၁၆၆)မျိုးတို့ကို လိုင်စင်လျှောက်ထားရန်မလိုပဲ ကုန်သွယ်ခွင့်ပြုထားပါသည်။ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေပြခြင်းကိုလည်း လျှော့ချ နိုင်မှာဖြစ်ကြောင်းလည်းသိရပါသည်။

No comments:

Post a Comment