သဘာဝဘေးသင့်ပြည်သူများ လက်တလောစားဝတ်နေရေး၊
သက်သာချောင်ချိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုးမြှင့်ထောက်ပံ့မည့်အစီအစဉ်များအား
လူမှုဝင်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု နှုန်းထား များအား သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးပါက
ယခင်ကျပ်တစ်သိန်းမှ သုံးသိန်း တိုးမြှင့် ထောက်ပံ့ပြီး ဆေးရုံတက် ဒဏ်ရာရလူနာအား ယခင်တစ်သောင်းမှ
သုံးသောင်းထောက်ပံ့ရာမှ ငါးသောင်း တိုးမြှင့်ထောက်ပံ့ကြောင်း သိရပါသည်။ အိမ်ဆောက်ပစ္စည်းထောက်ပံ့ရာတွင်
မီးပေးကြောင့်အိမ်၊ တိုက် (သွပ်မိုး ပြင်ခင်း)လုံးဝပျက်စီးပါက ယခင်တစ်သိန်းမှ နှစ်သိန်းထောက်ပံ့ရာမှ
ယခုနှစ်သိန်းကျပ် အိမ်၊ ဓနိ၊ သွပ်မိုး ထရံကာ လုံးဝပျက်စီးပါက ယခင်ငါးသောင်းကျပ်မှ ယခု
တစ်သိန်းကျပ်၊ ဘာသာရေးကျောင်း လုံးဝ ပျက်စီးပါက ယခင်နှစ်သိန်းမှ ယခု သုံးသိန်း၊ ထို့အတူ
အခြားဘေးအန္တရာယ်ကြောင့် ပျက်စီးမှုအခြေအနေ အလိုက် ထောက်ပံ့ကြေး များအား တိုးမြှင့်ထောက်ပံ့ထားကြောင်း
သိရပါတယ်။ ထို့အပြင် ဆန်၊ ရိက္ခာ ထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်းများအား
ယခင်ထောက်ပံ့မှုအခြေအနေထက် တိုးမြှင့်ထောက်ပံ့ သွားမ ည်ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment