Saturday, October 19, 2013

အဘိဓမ္မာအခါတော်နေ့၌ နေပြည်တော်တစ်ခွင်၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားသက်ဝင်လျက်ရှိ



သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်တစ်ခွင်ရှိ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုးများတွင် ကုသလပုည ဆည်းပူးကြသူများဖြင့် စည်ကားသက်ဝင် လှုပ်ရှားလျက်ရှိသည်။ နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ပရိဝုဏ်နှင့် လှိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မုဒြာစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်းဆီမီး ရေချမ်း၊ အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

No comments:

Post a Comment