ရွှေတိဂုံစေတီတော်
ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော် ဆီမီးစေတီတော်များ
လှည့်လည်ပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနား များကို
စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပကြသည်။ ရွှေတိဂုံစေတီတော်သို့ နံနက်
အရုဏ်တက်ချိန်မှစ၍ ဘုရားဖူးပြည်သူများ အထူးစည်ကားများပြားစွာ လာရောက်ဖူးမြော်ကြည်ညိုကာ
ပန်း၊ ရေချမ်း၊ ဆီမီးများဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့အပြင် ဆူးလေစေတီတော်၊ ဗိုလ်တထောင်
ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ မဟာဝိဒယစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊
ကျိုက်ဝိုင်းစေတီတော်၊ ၀ရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီ၊ သမိုင်းဝင် ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၊
မင်းဓမ္မ ကုန်းတော်ရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၊ မယ်လမု၊ ခြောက်ထပ်ကြီး၊
ကိုးထပ်ကြီး၊ မိုးကောင်း၊ ကျိုက်ခေါက်၊ ကျိုက်မှော်ဝန်းရေလယ်ဘုရား၊ ခရမ်းမြို့ သွန်းဘုရားကြီး၊
တောင်ဥက္ကလာပစေတီတော်၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက္ကလို့
ကျိုက္ကလဲ့ စေတီများ၌ ဆီမီး လျှပ်စစ်ရောင်စုံမီးများဖြင့် ထွန်းညှိပူဇော်ကြသည်။
No comments:
Post a Comment