Tuesday, November 12, 2013

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ခရမ်းခြံဆိပ်ကမ်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွား




အောင်မြေသာစံမြို့နယ် ခရမ်းခြံဆိပ်ကမ်း စန္ဒာမင်းမော်တော်ကုန်တင်ယာဉ်မှာ နေ့လည် (၁၂) နာရီ (၁၅) မိနစ်ခန့်က စတင်မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ၄င်းမော်တော်ယာဉ်အား ဆီပေပါဖြည့်ရာမှ စတင်လောင်ကျွမ်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မော်တော်ယာဉ်မှ (၇) ဦး ဒဏ်ရာရရှိပြီး (၁) ဦးပျောက်ဆုံးနေကြောင်းသိရသည်။ မီးလောင်မှုကို နေ့လည် (၁၂) နာရီ (၄၅) မိနစ်ခန့်မှာ ထိန်းနိုင်ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၁၁၂) သိန်းခန့်ရှိကြောင်း သိရသည်။ 

No comments:

Post a Comment