ပထမအကြိမ်
ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီကနေ့ နိုဝင်ဘာ
(၁၂) ရက်နေ့ မနက် (၁၀) နာရီက ပြည်ထောင်စုလွှတ်တော်ခန်းမမှာ ကျင်းပရာ နိုင်ငံတော် ဗဟိုဘဏ်
ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦးက နိုင်ငံတော်က ပိုင်ဆိုင်တဲ့ ရွှေပမာဏတန်ရှည် ၇.၁၅၃၉ တန်ရှိပြီး
နိုင်ငံခြားသုံးငွေ ဒေါ်လာ ၈.၁၃ ဘီလီယံ ခန့် ရှိပါကြောင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး
မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခြင်း
လျှပ်စစ်ဓါတ်အားခနှုန်းထား တိုးမြှင့်သတ်မှတ်ခြင်း အပေါ်ပြန်လည် သုံးသပ်ဆောင်ရွက်ရန်
တိုက်တွန်းကြောင်း အဆိုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြန်လည်ရှင်းလင်းခြင်း
ကိုယ်စားလှယ် (၂) ဦးက ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
No comments:
Post a Comment