Monday, November 11, 2013

ပျော်ဘွယ်မြို့နယ်၊ ကျီတိုင်ကုန်းကျေးရွာမှာ ပညာတံခွန် စာကြည့်တိုက်ဖွင့်လှစ်



ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းတဲကျေးရွာအုပ်စု၊ ကျီတိုင်ကုန်းကျေးရွာတွင် ကျေးရွာပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းငွေနှင့် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းငွေတို့ဖြင့် ဆောက်လုပ်ခဲ့သည့် ပညာတံခွန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၀)ရက်နေ့က ၎င်းစာကြည့်တိုက်တွင် ကျင်းပခဲ့ပါသည်။

No comments:

Post a Comment