လာဘ်ပေးလာဘ်ယူ
ပြုလုပ်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်၊ ဌာန၏ ဂုဏ်သိက္ခာကိုလည်း
ကျဆင်စေသည်၊ ၀န်ထမ်း၏ ဘ၀နစ်နာဆုံးရှုံးစေသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ငွေကြေးအုပ်ချုပ်မှုသင်တန်း
အမှတ်စဉ် (၁/၂၀၁၃) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၁၁) ရက်၊ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့၊
ဧရာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်ရုံး အစည်းဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်လက်ထောက်မန်နေဂျာ
ဦးတင်မိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်များမှ တက်ရောက်လာသည့် သင်တန်းသား/
သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ပေးပါသည်။ အဆိုပါသင်တန်းကို မြို့နယ် (၈) မြို့နယ်မှ
(၁) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၁၁) ရက်မှ (၃၀) ရက်နေ့ထိ ဖြစ်ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment